Windows 8 ပေါ်မှာ virtual disk တစ်ခု တည်ဆောက်၍ password ပေးကာ သုံးရအောင်

Windows 8 ပေါ်မှာ virtual disks တွေ တည်ဆောက် အသုံးပြုနိုင်ပါတယ်။
၁။ Screen ရဲ့ ညာဘက် အောက်ခြေထောင့်Start နေရာမှာ right-click နှိပ်ပါ။ ပေါ်လာတဲ့ Menu ကနေ Disk Management ကို ဝင်ပါ။ Disk Management Windows တက်လာပါလိမ့်မယ်။
၂။ Action Menu ကနေ Create VHD ကို နှိပ်ပါ။ Browse ကနေတဆင့် သင်နှစ်သက်ရာ နေရာတစ်ခုခု (ဥပမာ ။ Desktop ) မှာ virtual.vhd ဆိုပြီး နာမည်ပေးပါ။ သင်နှစ်သက်ရာ နာမည်တစ်ခုခုလည်း ပေးနိုင်ပါတယ်။ Virtual disk size မှာ သင်လိုအပ်သလောက် ပေးပါ။ (e.g 2048MB) ဒါဆိုရင် Desktop ပေါ်မှာ virtual.vhd ဆိုတဲ့ file တစ်ခု တည်ဆောက်သွားပါလိမ့်မယ်။
၃။ Disk Management ကို ပိတ်၍ နောက်တစ်ခေါက်ပြန်ဖွင့်ပါ။ ဒါဆိုရင် ခုနကတည်ဆောက်လိုက်တဲ့ virtual disk အတွက် initialized disk windows တက်လာပါလိမ့်မယ်။ Next and OK လုပ်ပါ။
၄။ Disk Management ထဲမှ virtual disk ကို right-click နှိပ်၍ New Simple Volume ကို ရွေးပေးပါ။ New Simple Volume Wizard ကျလာပါလိမ့်မယ်။ Next သာ လုပ်သွားလိုက်ပါ။
၅။ Desktop ပေါ်မှာ virtual disk ကို double-click နှိပ်၍ ဖွင့်ပါ။ windows မှ disk တစ်ခုအနေနဲ့ ဖွင့်ပေးပါလိမ့်မယ်။
၆။ Password ပေးဖို့အတွက် My Computer ထဲမှ virtual disk( Drive G: )ကို right-click>Turn on BitLocker ကို ရွေးပါ။ Use a password to unlock the dirve ကို check လုပ်၍ password ပေးပေးပါ။
၇။ Recover Key အတွက် Save to a file ကို ရွေး၍ save လုပ်ပါ။ drive ကို encrypt လုပ်သွားပါလိမ့်မယ်။ encrypt ပြီးသွားရင် My Computer ထဲက drive မှာ သော့ပုံစံလေးနဲ့ တွဲပြပါလိမ့်မယ်။
၈။ Drive ကို right-click>Eject လုပ်ပါ။ သင်အသုံးပြုလိုသည့်အခါတိုင်း virtual.vhd file လေးကို double-click ခေါက် attach လုပ်ကာ သုံးနိုင်ပါတယ်။
Windows 7 မှာ ဆိုရင်တော့ virtual disk file ကို တိုက်ရိုက်double-click အသုံးပြုပြီး မဖွင့်နိုင်ပါဘူး။ disk management မှ ဝင်ရောက်သုံးနိုင်ပါတယ်။ action>attach VHD မှ တဆင့် ချိတ်ဆက်ကာ သုံးနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
အောင်သီဟမော်

Views: 231

Comment

You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!

Join MyanmarITPro - A Social Network for Myanmar IT Professionals

Comment by Maung Khin on January 23, 2013 at 8:20am

ဘယ်လိုအနေအထားမှာသုံးရင်ကောင်းပါသလဲ?

၂၀၄၈ အတွက်တော့ USB stick လေးတခုဆိုလောက်နေပါတယ်။ တခြားအလုပ်ကြီးကြီးအတွက်ဆိုကောင်းမလားလို့

© 2014   Created by Ko Chit.

Badges  |  Report an Issue  |  Terms of Service