Offline Installation the .NET Framework 3.5 on Windows 8

Installation the .NET Framework 3.5 on Windows 8
.NET Framework 4.5 ကို Windows 8 မှာ တပါတည်း အလိုအလျောက် install လုပ်ပြီးသား ဖြစ်ပါတယ်။ .NET Framework 3.5 ကိုတော့ install လုပ်မထားပါဘူး။ တစ်ချို့သော Applications တွေ အတွက် .NET Framework 3.5 ကို လိုအပ်တဲ့အခါ enable and install လုပ်ဖို့လိုပါတယ်။ .NET Framework 3.5 install လုပ်ဖို့အတွက် internet connection လိုအပ်ပါတယ်။

၁။ Control Panel>Program and Features မှတဆင့် Turn Windows features on or off ကို သွားပါ။ .NET Framework 3.5 ( include .NET 2.0 and 3.0) ကို check mark ပေး၍ install လုပ်ပါ။
၂။ Install လုပ်နေစဉ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် internet ပျက်တောက်သွားခဲ့ရင် အောက်ပါ errors တွေဖြစ်နိုင်ပါတယ်။
• 0x800f0906: “Windows couldn't connect to the Internet to download necessary files. Make sure that you're connected to the Internet, and click Retry to try again.”
• 0x800F081F: “The changes could not be completed. Please reboot your computer and try again.”
Internet connection error မတက်အောင် Deployment Image Servicing and Management (DISM) command-line tool ကို အသုံးပြုပြီး offline install လုပ်နိုင်ပါတယ်။ Windows 8 installation DVD or ISO Image တော့လိုအပ်ပါတယ်။
၁။ Command Prompt ကို Run as administrator အနေနဲ့ဖွင့်ပါ။
၂။Command prompt မှာ
"DISM /Online /Enable-Feature /FeatureName:NetFx3 /All /LimitAccess /Source:F:\sources\sxs" command ကိုရိုက်ပါ။ F: ဟာ သင့်ရဲ့ DVD drive ဖြစ်ပါတယ်။
• /All ကို .NET Framework 3.5 ရဲ့ Features အားလုံးကို အသုံးပြုဖို့ပါ။
• /LimitAccess ကတော့ Windows Update မှတဆင့် internet မချိတ်စေဖို့ပါ။
• /Source ကတော့ install လုပ်ဖို့ လိုအပ်တဲ့ Files တွေရဲ့ တည်နေရာကို ပြပေးတာပါ။
၃။ The Operation Complete Successfully ပြပါလိမ့်မယ်။ Command Prompt က Run as Administorator မဟုတ်ခဲ့ရင် Error: 740 ဆိုပြီး ပြပါတယ်။
၄။ Control Panel>Program and Features မှတဆင့် Turn Windows features on or off ကို သွားပါ။ .NET Framework 3.5 ( include .NET 2.0 and 3.0) ကို check mark ပေး၍ install လုပ်ပါ။ Internet မတောင်းတော့ပဲ Install လုပ်သွားပါလိမ့်မယ်။
ကျေးဇူးတင်ပါတယ်။
အောင်သီဟမော်

Views: 206

Comment

You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!

Join MyanmarITPro - A Social Network for Myanmar IT Professionals

© 2014   Created by Ko Chit.

Badges  |  Report an Issue  |  Terms of Service