ကျောင်းထွက်စ IT Professional လမ်းကြောင်း

IT professional တစ်ယောက်ဖြစ်ခြင်ရင် ဘာလုပ်ရမလဲ ပြောကြည့်မယ်။ အခြား အလုပ် များထက်စာရင် IT professional တစ်ယောက်ဖြစ်ဖို့က ပိုရှင်းလင်းပြီး တိကြတဲ့ လမ်းရှိပါတယ်။ နိုင်ငံခြားမှာ သွားလုပ်ဖို့ပြောတာပါ။ မြန်မာပြည်မှာအတွက် ဆို လမ်းမရှင်းဘူး။

၁။ ဘွဲ့ တစ်ခု အမြန်ဆုံး ယူထားဗျာ။ engineering, computer science တို့ သိပ်ကောင်းပေါ့။ full-time 4 years study လုပ်တဲ့ ရိုးရိုး science လဲဖြစ်ပါတယ်။ part-time / distant ဆို မကြိုက်ဘူး။

၂။ English စာ မွတ်နေအောင် ကျင့်ထား။ မှန်ဖို့ ထပ် ရဲရဲ သွက်သွက်လက်လက် ပြောတက်ဖို့က ပိုအရေးကြီးပါတယ်။

၃။ နောက်ဆုံး လိုအပ်ချက်ကတော့ ကျောင်းပြီးနောက် work experience ပေါ့။ ဆိုလိုတာကတော့ အနဲဆုံး ကျောင်းပြီး တစ်နှစ်ကြာမှ အလုပ်ရှာရမယ့် သဘော။ တကယ် work experience ရှိမရှိထက် ခေါ်ထားတဲ့ အလုပ်မှာ 'တန်းထိုး' လိုက်နိုင်ကြောင်း ခက်တင်းတင်း ပြောနိုင်ဖို့ပေါ့။ work experience talking အတွက် 'story' လေး တစ်ခုလုပ်ထား။ ဥပမာ၊ xxxx company မှာ .... တုန်းက ... web application လုပ်တယ်ပေါ့၊ ကျနော်က ဘယ် ဟာကိုလုပ်တယ်ပေါ့။ တိတိကျကျ ပြောဖို့လိုတယ်။

ဒါဆိုရပြီ။ အလုပ်တွေကို www.jobsdb.com.sg www.jobstreet.coml.sg တို့မှာ မကြာခန ကြည့်ထား၊ email alert လုပ်ထား။ အခွံ့ပေါ်လာရင် အရင်ဆုံး ယူဖို့ လိုတယ်။

အများမေးနေကြတဲ့ ဘာ programming လုပ်ရမလဲဆို၊ ဘာ programming ဖြစ်ဖြစ်ရတယ်။ mainstream language တွေဖြစ်တဲ့ C++/Java/VB/C# ပဲ ရှိတာပါပဲ။ web developer ဆိုရင် အသုံးအများဆုံးက PHP နောက် ASP.NET, Java, cfm တစ်ခု ပိုင်ရင် တော်ပြီ။ အလုပ် interview မှာ ဒါမရဘူးလား ဖြစ်လာရင် ဒီဟာနဲ့ သဘောခြင်း အတူတူပဲလေ လို့သာပြော။ ရတယ်။ ဝါသနာ ပါသူ ကတော့ ဟိုစပ်စပ် ဒီစပ်စပ် သိသွားမှာပါပဲ။

နောက် international professional/technical certificate တွေ။ မလိုပေမယ့် များလေကောင်းလေပဲ။ Interview လုပ်တဲ့ HR များ သိပ်သိတာမဟုတ်ဘူး စာရွက်များများ ပါရင် ရွေးတပ်တယ်။

Hardware လိုင်းတော့ ရှောင်။ မရှိတဲ့ လမ်းကြောင်းမို့ပါ။

နောက်ဆုံးတော့ အခြေအနေ အချိုန်အခါသင့် ဖြစ်လာတတ်တဲ့ ကံ က အဓိကပဲလေ။

Views: 59

Tags: job

Comment

You need to be a member of MyanmarITPro - A Social Network for Myanmar IT Professionals to add comments!

Join MyanmarITPro - A Social Network for Myanmar IT Professionals

Comment by mgprotocol on June 28, 2009 at 9:59am
အဲ့ဒါတော့ ဟုတ်တယ်လို့တော့မပြောတော့ပါဘူး
ဆရာတွေကို စော်ကားသလိုဖြစ်နေမှာစိုးလို့
ဒါပေမယ့် အချို့ဆရာတွေကတော့တော်တော်ဆိုးတာ
တော်တဲ့ဆရာတွေကျတော့လဲတော်တော် တော်တယ်
Comment by DaKyat on June 18, 2009 at 3:36pm
>>>> professional Network သမားအလုပ်ကို company ကြီးတခုမှာ လုပ်မယ်ဆိုရင်တော့ ဟုတ်မှာပါ။ အဲဒီ “company ကြီး” မှဒီမှာမရှိဘဲ။

အဲဒီ “company ကြီး” တွေမရှိတာကိုက ပြသာနာ ဗျ. Network/IT သမားတွေပဲဗျာ.. Latest/High-End Technology တွေတော့သင်ချင် တတ်ချင်ကျတာပေါ့.. “company ကြီး” တွေမရှိတော့ အဲဒါမျိုးတွေ ဘယ်လိုလုပ်တွေ့ရတော့မှာလဲ.

>>> အပြင်မှာ အလုပ်လုပ်တဲ့ experience မရှိဘဲ ဆရာဝင်လုပ်ရင် ဘာသာပြန်ဆရာဘဲ ဖြစ်မယ်

ဒါဆို Networking နဲ့ပက်သက်လို့ နောက်ပိုင်း ဘာသာပြန်ဆရာ တွေသင်တဲ့ Technology တွေပဲ လေ့လာရတော့မှာပဲ.
Comment by Myint Kyaw Thu on June 18, 2009 at 3:27pm
သင်တန်းတက်ပြီးရုံနဲ့ နိုင်ငံခြားထွက်နိုင်မယ်လို့ (ထွက်ရင်အလုပ်ရမယ်လို့) မထင်ဘူး။ Experience ရအောင်တော့ ကိုယ့်ပြည်တွင်းမှာ ရှာရအုံးမှာဘဲ။ နိုင်ငံခြားမထွက်ချင်တဲ့လူဆိုလဲ ကိုယ့်ပြည်တွင်းမှာဘဲ နိုင်ငံတကာနဲ့ လုပ်နိုင်တဲ့ Opportunities တွေအများကြီးရှိပါတယ်။

>> စာသင်တဲ့ဘက်ကူးသွားကြကောတဲ့
အပြင်မှာ အလုပ်လုပ်တဲ့ experience မရှိဘဲ ဆရာဝင်လုပ်ရင် ဘာသာပြန်ဆရာဘဲ ဖြစ်မယ် :(
Comment by mgprotocol on June 18, 2009 at 3:02pm
ဟုတ်ပါပြီ အစ်ကိုတို့ရေ
ကျွန်တော်က လူငယ်လို့လဲမဆိုနိုင် လူကြီးလို့လဲမဆိုနိုင် တဲ့တစ်ယောက်ပါ
ဒါဆို ကျွန်တော်တို့ ဘာတွေလုပ်သင့်လဲ
ခုလောလောဆယ်တော့ သင်တန်းတက်နေတာမပြီးသေးဘူး
ဟိုတစ်ရက်က ဆရာကတောင်ပြောတယ.်
IT Field ထဲက လူတော်တော်များများက နိုင်ငံခြားမထွက်ဖြစ်ရင်
စာသင်တဲ့ဘက်ကူးသွားကြကောတဲ့
အဲ့ဒါကိုကော
ဘယ်လိုသဘောရသလဲ
ကောင်းတော့ကောင်းတယ်လို့တော့ထင်တယ်နော်
ပညာတက်ပိုများလာတာပေါ့
Comment by Wayne on June 15, 2009 at 11:36pm
About Brain Drain,Brain Gain and Brain Pain
They are all about p.....
As you all know
:D
Comment by Okisan on June 15, 2009 at 2:00pm
>> 1995 computer ခေတ်စနဲ့ယှဉ်ကြည့်ပါ :( ဒီဘက်ခေတ်မှာ MCC, MIT, Inforithm လို company မျိုးဘယ်သူထောင်နိုင်သလဲ။
ဟုတ်တယ်။

>> Evolution theory အရဆို ပိုတောင်တိုးတက်လာရမှာ။
ပြောမရဘူး။ extinct ဖြစ်သွားတာတွေလဲ ရှိတယ်လေ။


>> ဒီနိုင်ငံက အလကားနီးပါး ပညာသင်ပေး၊ တတ်သွားရင် သူများဆီသွားပြီး
အဲ့ဒါတော့ ဟုတ်တယ်။
Comment by Myint Kyaw Thu on June 15, 2009 at 12:41pm
>> professional Network သမားတစ်ယောက်ဖြစ်ဖို့တော့ မြန်မာပြည်မှာပဲ အလုပ်လုပ်ရင် မလွယ်ဘူးဗျ. နည်းပညာပိုင်းက
>> တော်တော် အားနဲနေသေးတယ်။

professional Network သမားအလုပ်ကို company ကြီးတခုမှာ လုပ်မယ်ဆိုရင်တော့ ဟုတ်မှာပါ။ အဲဒီ “company ကြီး” မှဒီမှာမရှိဘဲ။ ဒါပေမဲ့၊ တခြားနည်းနဲ့ပတ်သက်ပြီး စီးပွားရေး လုပ်လို့ရပါတယ်။ ဥပမာ၊ network game center များကို service ပေးခြင်း။ အောင်မြင်အောင် လုပ်နိုင်ရင် လုပ်နိုင်သလောက် နိုင်ငံခြားထက်တောင် ၀င်ငွေကောင်းနိုင်ပါတယ် ;)

>> ကျွန်တော်တို့နိုင်ငံကလူတွေကဘာလို့ ပညာတွေတော်လာရင်နိုင်ငံခြားသွားချင်နေကြတာလဲမသိဘူး
>> ကျွန်တော်တို့နိုင်ငံမတိုးလျှင်လျှင်မြန်မြန်မတိုးတက်တဲ့အကြောင်းရင်းတွေထဲမှာအဲ့ဒါလဲပါတယ်လို့ထင်တယ်

ဟားဟား ဒီအဆိုကိုတော့ အပြည့်အ၀ထောက်ခံတယ်။ ခုဆို new generation ထဲကလူတော်တွေ ဘယ်နှယောက်ထွက်သလဲ။ 1995 computer ခေတ်စနဲ့ယှဉ်ကြည့်ပါ :( ဒီဘက်ခေတ်မှာ MCC, MIT, Inforithm လို company မျိုးဘယ်သူထောင်နိုင်သလဲ။ Evolution theory အရဆို ပိုတောင်တိုးတက်လာရမှာ။ ခုတော့ ဆုတ်ယုတ်လာတာ မဟုတ်ဘူး။ ရှိကိုမရှိတော့တာ :(

နိုင်ငံခြားထွက်တာ၊ Brain Drain ဖြစ်တာ တိုင်းပြည်ဒီလောက် မနစ်နာဘူး။ အဲဒီထွက်သွားတဲ့သူတွေက ဘယ်တော့မှပြန်လာဖို့ စိတ်ကူးမရှိတာ အဆိုးဆုံးဘဲ။ ခုဆို ဘယ်နှစ်ယောက်များ သူများနိုင်ငံက မွေးစားသားတွေ ဖြစ်ကုန်ပြီလဲ။ ဒီနိုင်ငံက အလကားနီးပါး ပညာသင်ပေး၊ တတ်သွားရင် သူများဆီသွားပြီး ပထွေးကိုအဖေခေါ်ချင်ကြတယ်။ စိတ်ပျက်စရာပါ။
Comment by mgprotocol on June 15, 2009 at 9:17am
အစ်ကို Okisan ရေ သူများကိုအပြစ်မတင်ပါဘူးဗျာ
ထင်တာကိုပြောကြည့်တာ
ကျွန်တော်နားလည်ပါတယ်
လူတိုင်းက ကိုယ့်အိပ်မက်နဲ့ကိုယ်ပါ ယုံကြည်ချက်နဲ့ကိုယ်ဆိုတာ
အစ်ကို တစ်မျိုးမထင်နဲ့နော်
Comment by DaKyat on June 13, 2009 at 11:47pm
>>> ကျွန်တော်က ဒီ network နဲ့ပဲတစ်သက်လုံးနေသွားမယ်လို့ဆုံးဖြတ်ထားပါတယ်

professional Network သမားတစ်ယောက်ဖြစ်ဖို့တော့ မြန်မာပြည်မှာပဲ အလုပ်လုပ်ရင် မလွယ်ဘူးဗျ. နည်းပညာပိုင်းက တော်တော် အားနဲနေသေးတယ်။ အားနဲတယ်ဆိုတာကလဲ Infrastructure တွေ မကောင်းသေးလို့ . ကောင်းဖို့ကလဲ Business Demand ရှိမှ.Business တွေမရှိသရွေ့ မလွယ်ဘူးဗျ
Comment by Okisan on June 13, 2009 at 9:17pm
>> ....................................ထင်တယ်
>> မှားနေလားတော့မသိဘူး
ကိုယ်ဘာသာ ထင်တာ မမှားပါဘူး။ အခြားသူ အပြစ်တင်နေရင်တော့ မောရုံပဲ ရှိမယ်။

>> Network သမားတစ်ယောက်ဖြစ်ဖို့ဘယ်လိုအလုပ်မျိုးလုပ်သင့်လဲ
Networking တော့ မပြောတပ်ဘူးဗျာ၊ software ဆိုရင်တော့ မြန်မာနိုင်ငံမှာ နေလဲ online နဲ့တင် လုပ်စားလို့ရပါတယ်။

© 2014   Created by Ko Chit.

Badges  |  Report an Issue  |  Terms of Service