ကျုပ်တို့ မြန်မာပြည်က IT သမားဘဝ

ရောင်းရင်းတို့ ရေ

ကျုပ်အရမ်းဝါသနာပါတာ Computer နည်းပညာသမားဘ၀ပါ..

ဒါကြောင့်အိမ်ကလူကြီးတွေနဲ့ လည်းအတိုက်အခံလုပ်ခဲ့ပြီးကျုပ်ဒီဘ၀ထဲမရောက်ရောက်အောင်ဝင်ခဲ့ပါတယ်..

ငယ်ငယ်ကတည်းကလည်း Computer Service သမားမြင်ရင် ကျုပ်အမြင်မှာတော့ အထင်ကြီးနေခဲ့တာပါ...သူComputer တော်တော်ကျွမ်းတာပဲဆိုပြီးတော့ပေါ့...ဒါပေမဲ့အဲဒီ့လူပြောသွားတာရှိတယ်..မင်းဒီလိုင်းထဲကို မ၀င်ချင်စမ်းပါနဲ့ တဲ့ဗျာ...အဲ့တုန်းကတော့ မယုံခဲ့ဘူး...ကဲအခုတော့မှန်နေပြီလားမသိဘူးဗျား..

Company တွေကလည်း လစာ နှိမ်ပေးတဲ့အပြင် ဘယ်သူမှလည်းအထင်မကြီးကျပါလားလို့ ...အထင်မကြီးထာထက် အခါတလေ တောက်တိုမယ်၇ပုံစံဖြစ်သွားတတ်တာအဆိုးဆုံးပါ...၀ါသနာအရဆောက်တည်ခဲ့တဲ့ နည်းပညာအလုပ်က ဒီလောက်အောက်တန်းကျနေလို့ လားဗျာ.ကျုပ်တို့  နှစ်တွေ လတွေ ငွေတွေ ဦးနှောက်တွေ အများကြီးနဲ့ တည်ဆောက်ခဲ့ရတဲ့ ဒီအလုပ်က ဒီနိင်ငံမှာဘယ်လို များ သန့် ရှင်းရေးသမား လစာ နဲ့  ဆိုက်ကားသမား အဆင့်လောက်သဘောထားကျသလဲ မတွေးတတ်တာအမှန်ပါ....ခက်တာက computer အကြောင်းကို User တွေထက်ပိုသိတာတော့အမှန်ပါ...ပြသာနာဖြစ်လို့ ရှင်းပြရင်တောင် ကိုယ်မလုပ်ပေးချင်လို့ လျှောက်ပြောနေတယ်လို့ ထင်နေတာက အဆိုးဆုံးပါ...ကျုပ်ကြားထားတာ တခုက HR assistant တစ်ယောက်ကတောင် IT Manager လစာ ထက် ပိုနေသေးတယ်ဆို တော့ ကျုပ်တို့ အလုပ်က ဘာများဖြစ်နေပြီလဲလို့ တွေးနေမိလို့ ဒီပို့ ကို တင်လိုက်၇တာပါ...

Views: 2072

Reply to This

Replies to This Discussion

ဟုတ်ပါ့ဗျာ ကျွန်တော်စလုပ်တုန်းက မြန်မာငွေ ၈၀၀၀ ကျပ်တိတိတောင်ရပါတယ်....လိုင်းကားက က ဒီ့ထက်ပိုကုန်တယ်.... လန်းတယ်နောလစာက ဘ၀တူတွေတွေ့ပြီ...........ဒရိုင်ဘာက ပိုများတယ်လစာ..........ဟဲဟဲ

ဒါဒို့ပြည် ဒါတို့မြေဒို့ပိုင်တဲ့မြေ.........

I am just wondering what is the salary range for IT professionals? Especially, IT support, networking and server admins.

Let's say,

Fresher, 0-1 year experience

Junior, 2-4 years experience

Senior, 5+ years experience

Regardless of the salary, give it your best shot at work.

If you become an important member of the business, reward will come. ;)

လွန်ခဲ့တဲ့ ၁၀နှစ်လောက် ကျန်တော် ကွန်ပျူတာ ကျောင်းတက်နေတုန်းကတည်း က IT service သမား ဘ၀ ကိုစလုပ်တယ်... ပွင့်ပွင့်လင်းလင်းပြောရရင် IT field ထဲ စ၀င်တာကြာခဲ့ပြီ၊ အခုလည်း ပြည်ပမှာ လုပ်နေလို့ ၀င်ငွေ အတိုင်းတာတခု ရနေပင်မဲ့ အခုထိ carrier ပိုင်းကိုအားမရသေး...  ဘယ်ရမလဲ အရင်က ဗမာပြည်မှာ ရရစားစား အိုင်တီ သမားလုပ်ခဲ့တာကိုး၊  :P

ဗမာပြည်မှာ ဘာဘဲ ပြောပြော အချိန်ပေါသေးတယ်လို့ထင်ပါတယ်....programming or network/sys field  တခုခုမှာ expert ဖြစ်သွားရင် ပြည်တွင်းမှာ အလုပ်ကိုင်မကောင်းတောင် ... ပြည်ပမှာ ကောင်းမှကောင်းပါ ...

cheers!!!

ပြည်ပမှာလဲ အလုပ်လုပ်ရတာလွယ်မယ်မထင်ဘူး..........ဘာတွေလုပ်ရလဲမသိဘူးနော အဓိက..........တစ်ချို့လူတွေလည်းအဆင်ပြေတယ်ထင်တာဘဲ တစ်ချို့လဲ ဟိုဟာလေးရောရော ဒီဟာလေးလုပ်....အဲလိုတော့ ကြားမိတယ်..........

မြန်မာမှာ အဆင်ပြေပြေလေးနဲ့ မိသားစုလေးနေလောက်နိုင်တဲ့အိုင်တီ အလုပ်ကလေးရှိလို့ကတော့နော.......

ကျွန်တော် တွေးဖူးတာလေး တစ်ခုရှိတယ်...ကွန်ပျုတာ သမားလို့ ကိုယ့်ကို ကိုယ်ခံယူလိုက်ပီဆို.. အနုပညာ သမား အဖြစ်ခံယူလိုက်သလိုပဲ...ကွန်ပျုတာ တစ်လုံး စာအုပ်ပုံတွေကြား နက်ဝေါ့တစ်ခု  အယူအဆတစ်ခုကို ဆွဲကိုင်ပီး...

မရေရာတဲ့ အနာဂတ်ကို စမ်းတစ်ဝါးဝါး လျောက်လှမ်းနေရသလိုပါပဲ... ကျွန်တော် ကိုယ်တိုင်လဲ အဲဘ၀ကို မက်မက်မောမော...

လမ်းမတွေထက်မှာ .... လူတွေကြားမှာ... ခံယူချက်တစ်ခုနဲ့ ...အသက်ရှင်ခဲ့ရပါတယ်... ဒါပေမယ့် သေချာတာက ကြိုးစားတဲ့ ရလဒ်က တော့ မလွဲ မသွေ အခွင့်အရေး အဖြစ်ရောက်လာမှာပါ... ခရီးဆုံးတဲ့ အထိ ဆက်လျောက်ကြဖို့သာ အဓိကပါ....

Mr.Tunmtun !

Your words are definitely true cuz my times were wasted by learning computer all the time ,

I want to do nothing except computer learning .

Thank you for discussing  in this topic

Hi tunmtun ,

.

>>> မရေရာတဲ့ အနာဂတ်ကို စမ်းတစ်ဝါးဝါး လျောက်လှမ်းနေရသလိုပါပဲ.

Are you sure, I though Networks have clear path towards professional.

for example CCNA -> CCNP -> CCIE.. of course, testking are not counted.

.

>>> ခရီးဆုံးတဲ့ အထိ ဆက်လျောက်ကြဖို့သာ အဓိကပါ..

Yeah, I like this.. Let me know any help, we are here to help people like you (younger generation).

.

Hi IT CrAzY ,

.

>> my times were wasted by learning computer all the time..

IT are advancing in faster speed. You need to work smarter than work harder..

.

>> I want to do nothing except computer learning

It depends on how do you approach.

Most of us have similar problem in anywhere through our career. This is what I believe missing career goal, a serious one not just a dream. What I mean is we just wish we could have a better job, more pay, bigger company to work for but we normally don't have very clear answer when we ask ourselves "what do I want to be in next x number of years?" Even some have clear answer, they don't have clear plan. Most of them just wish but don't plan or seriously think about what to do next. Even for some with plan, most of those some people don't effectively execute their plan.

So, please ask yourself these questions and get answers by yourself.

1. What do you want to be in next 2-3 years (near term goal)?

2. What are the requirements to become what you want for near term goal, certs? experience? contacts? knowledge?

3. How to obtain certs? I think you know how.

4. How to gain better experience? Test labs? Workshops? Change job?

5. How to gain more contacts, friends? How to do human networking?

6. How to gain knowledge? read forums? join SIG? attend seminar? read books?

Answers are normally found when you ask yourself and seriously think about it. Write it down and follow it. Remember, there's always a way to reach your goal. You just haven't started finding it.

Goal > Plan > Determination

That's all you need to become what you want.

ကျုပ်တို့ မြန်မာပြည်က IT သမားဘဝ

ခေါင်းစဉ်လေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်ဗျ............

မြန်မာပြည်က လို့ပြောလို့ပါ။.... ဒီနေဖြစ်နေတဲ့ မြန်မာပြည်က  လူငယ်တွေပုန်မှန်ဖြစ်နေကြတာလေးတွေကို Share ခြင်လို့ ပါ..

ကျွန်တော်အမြင် လူငယ်တွေဟာ နည်းနည်းလေး အတွေးလွဲနေတယ်ဗျ... ( ကျွန်တော် လူကြီးမဟုတ်ပါ)

ကြီးကြီးကြယ်ကြယ်ပြော မယ်ဗျာ IT လောကထဲစ၀င်ပြီပေါ့ဗျာ...

Company (သို့ ) အလုပ်ရှင်က ပေးတဲ့  လစာနည်းနည်းကို ယူ ပြီး ပျော်ပျော်ကြီး အလုပ်လုပ်ခဲကြတယ်ဗျ.....

 ဒါပေမယ်. လုပ်ငန်း မှာ အချိန်တော်ကြာ လုပ်ပြီးတဲ့ အချိန်မှာ လစာနည်းတယ် ငါလုပ်ခဲ့လို ဒီ Company သို့ ဒီလုပ်ငန်း ဒီလောက် အောင်မြင်လာတာ ဆိုပြီး ကိုကို ကို အထင်ကြီးလာတက်ကြတယ်... (ဒါသဘာဝ ပဲဗျ) လူတိုင်းလိုလို ဖြစ်တက်ကြတယ်.. )

သူတို့ မတက်ခင်တုန်းက သူတို့ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အမှားတွေကြောင့် လုပ်ငန်းရှင် ဘယ်လောက် ပေးဆက်ခဲရတယ်ဆိုတာ ကို သူတို့တွေ ထည့်မပြောကြပါလား နော်...

ဥပမာ...

မသိနားမလည်ခင် က မိမိကြောင့်

............. Motherboard, Memory, Hard Disk, Power Supply , Monitor .. .. .  . .   .. .

ပျက်ဆီးသွား တာတွေ

ပြောရင်တော့ အများကြီးဗျာ.... ... ..

 တိုတိုပဲ ပြောကြမယ်ဗျာ..

အလုပ်က ထွက်

Sale လိုလို Service လိုလို   Network လိုလို Programming လိုလို ..

ထားပါတော့ ဆိုင်လေးတစ်ဖွင့်လိုက်တယ်... Friend တို့ပြောတဲ့ မြန်မာပြည် မှာပေါ့ဗျာ....

ဒီလို နဲ့ လူမသိသူမသိ ကွယ်ပျောက်သွား တဲ့ အနာဂတ် IT လုပ်ငန်းရှင် ပညာရှင်တွေ ကွယ်ပျောက်သွားတာတွေလည်း အများကြီးပါဗျာ....

ဒီလို မမြင်တွေ ကွဲလွဲနေမဲ့အစား တိုတိုပြောရရင် ၀န်ထမ်းကောင်း တစ်ယောက်ဖြစ်အောင်နေပြီး လုပ်ငန်းရှင်တစ်ယောက်ဖြစ်အောင် ဆောင်ရွက်နိုင်တဲ့  IT လုပ်ငန်းရှင် ပညာရှင်လောင်းတွေအများကြီးပါဗျာ....

ကို zawlat 

   May be ur right .. but You need to think.. who decied to work IT position at their job.May be boss. So i don't accept that. The latest words ``We will try Myanmar IT professional `` I like it.Just say to ur words thinking mind bro.Thank~~!

Mr.John Moe

ကျေးဇူးတင်ပါတယ်...

အကိုတို့ အနေနဲ့ လူငယ်တွေကို ကူညီပေးနေတယ်ဆိုတာ သိရတော့ ၀မ်းသာပါတယ်...Younger Generation တွေအနေနဲ့ကနေ..မြန်မာပြည် IT လောက အတွက် Pro အနေနဲ့ အသက်မွေးလာကြတဲ့ လူငယ်တွေကို 1st Generation အဖြစ် သင့်တော်တဲ့ IT ဆိုင်ရာ လုပ်ငန်းလေးတွေမှာ.. သင့်တော်တဲ့ လခတွေနဲ့ အသက်မွေးမှု ပြုနိုင်အောင် ၀ိုင်းဝန်းကူညီကြမယ်ဆိုရင်ဖြင့် အနာဂတ် မြန်မာပြည် နည်းပညာ ဟာ ရှေ့တန်း ရောက်လာပါလိမ့်မယ်....

လူငယ်တွေ အနေနဲ့ ကျွန်တော် အပါအ၀င်ပေါ့လေ...ကို လျောက်မယ့် ပညာရပ်တစ်ခုမှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ... အတွေ့အကြုံ ပညာ.. ရနိုင်အောင်ကြိုးစားကြမယ်ဆိုရင်ဖြင့် အနာဂတ်လောက က တောက်ပလာမှာပါ...

မြန်မာပြည်ရဲ့ အခြေနေတွေ စီးပွား ရေး နိုင်ငံရေး ပြောင်းလဲမှုတွေလဲ ဖွံဖြိုးလာမယ်ဆိုရင် ကွန်ပျုတာ လောကသားတွေ အတွက် အလုပ်မရှား..နေရာ မရှားတော့ပါဘူး...ကျွန်တော်ယုံကြည်ပါတယ်...

ခေတ်စနစ် နိုင်ငံေ၇းအခြေတွေ ကြောင့် နှောင့်နှေးခဲ့ရတဲ့ မြန်မာနိုင်ငံသူ။သားတွေ အတွက်..နည်းပညာဟာ နောက်ကျကျန်နေခဲ့ရတော့...ခုနေအချိန်ခါမှာ... ကျွန်တော်တို့ အနေနဲ့ ဆက်လက်ကြိုးစား ကြဖို့ပဲ လိုပါတယ်...

ကြိုးစားမှု အသီး အပွင့် တွေကို မကြာခင် ခူးဆွတ်စားသုံးနိုင်တော့မှာပါ...

ခုနေမှာ အခက်ခဲတွေ ငွေကြေး ပစ္စည်း အသုံးအဆောင်(နည်းပညာဆိုင်ရာ)..အခက်ကြုံနေရတဲ့ ညီတွေ အကိုတွေလဲ ဆက်လက် အားတင်းထားကြစေချင်ပါတယ်...

ကျွန်တော့် အခြေနေလေး တစ်ခုလောက် မျှဝေပေးလိုက်ပါ့မယ်...

ကျွန်တော်က နည်းပညာ ကောလိပ်ကပါ..အင်ဂျင်နီယာ ဆိုပါတော့ဗျာ...ဒါပေမယ့်....

ကျွန်တော့် အယူအဆ ခံယူချက်တွေနဲ့ အဲဘ၀ကို ကျွန်တော် ရဲရဲကြီးစွန့်လွှတ်လိုက်တယ်...ငယ်သေးတဲ့ အချိန်ဆိုတော့ မိဘ မိသားစု ပတ်ဝန်းကျင်က ဝေဖန်ကြတာပေါ့ဗျာ...ကျွန်တော် ..ဖြစ်ချင်တာက မြန်မာပြည်ပညာရေးထက်... နိုင်ငံခြားက ပညာရေးပဲပေါ့... ကျွန်တော် ၁၀တန်း မအောင်ခင်ထဲက ဖြစ်ချင်ခဲ့တာပေါ့.. အိမ်အခြေနေ..ငွေကြေး အခြေနေတွေ ကြောင့် ကျွန်တော် မျှော်မှန်းသလို မဖြစ်လာဘူးပေါ့ဗျာ... ကျွန်တော် ဆုံးဖြတ်လိုက်တယ် ဖြစ်လာတဲ့ အခြေနေကို လက်ခံတယ်... ဖြစ်ချင်တာကိုလဲ ရအောင်လုပ်မယ်ပေါ့... ကျောင်း ထွက်လိုက်တယ.် ... နိုင်ငံခြားထွက်တယ်.. အစက စလုံးကို ထွက်တာပေါ့... ကျောင်းလခတွေ မတတ်နိုင် ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်လို့မရ နောက်ဆုံး မလေးရှားကိုရောက်သွားတယ်...

ကျွန်တော် တစ်နှစ်လောက် အလုပ်လုပ်ပီး ငွေစု...အလုပ်လုပ်နေစဉ် အတွင်းမှာလဲ အွန်လိုင်းကနေ ကျောင်းတွေလိုက်ရှာ  .... ကိုယ်ပိုင် ကွန်ပျုတာကလဲ မ၀ယ.်နိုင်သေးတော့ ပရိုဂရမ်တွေ ရေးချင်ရင် စာအုပ်တွေ ဖတ် စာအုပ်တွေ စာရွက်တွေပေါ်မှာ ချရေးခဲ့ရ အင်တာနက်ဆိုင်သွား သုံး..အဲလိုလုပ်ခဲ့ရတာပေါ့...

၂နှစ်မြောက်မှာ ကျောင်းတက်ဖြစ်ခဲ့တယ် ITဘာသာရပ်ပဲ ...ယူခဲ့တယ်..ကျွန်တော် ဖြစ်ချင်တာကို ရအောင်လုပ်နိုင်ခဲ့တယ်..အဲနောက် Network ပိုင်းကို ဆက်လုပ်တယ်....ခုမြန်မာပြည်ပြန်ရောက်တော့လဲ စာမေးပွဲတွေ ဆက်ဖြေနေတယ်..... အဆင်ပြေခဲ့တာလေးတွေပေါ့...

ဒါပေမယ့် ခုထိ လျောက်နေရတုန်းပါပဲ....ကျွန်တော့်မှာ အလုပ်လဲ မရှိ ဘာလဲ မရှိ.... ဒါပေမယ့် မပူပါဘူး....

မြန်မာပြည် မှာ အလုပ်လုပ်၇မယ်ဆိုလဲ ...အိုင်တီလုပ်ငန်းပဲ လုပ်မှာပါ.... နိုင်ငံခြား ပြန်ထွက်လဲ အဲအလုပ်ပဲ လုပ်မယ်....မြင့်မြင့် ရောက်ချင်ရင်တော့ လေဒဏ် မိုးဒဏ် မုန်တိုင်းဒဏ် ခံနိုင်ရမယ်...

ကျွန်တော် ဒီပို့စ်လေးကိုတွေ့တော့ တော်တော်လေးရေးချင်မိတာနဲ့ ရေးလိုက်တာပါ...

ခုလို ရေးနေချိန်မှာ ...ကျွန်တော့် အတွက် အခက်ခဲတွေတစ်ပုံတစ်ပင် ကြုံနေရတာပါ..အထူးသဖြင့်ငွေကြေးပေါ့...

ဒါပေမယ့် ကျွန်တော် ဆက်လက်ကြိုးစားနေဦးမှာပါ မသေသေးသရွေ့ ပေါ့။အားလုံးကိုကျေူးဇူးတင်ပါတယ်...

ဆက်လက်ကြိုးစားကြပါ မိတ်ဆွေတို့။

လေးစားစွာဖြင့်။

RSS

Latest Activity

nyiminthit posted a status
"TPlink-TD8816 modern Router ကို config လုပ်ချင်လို့ ပါ အင်တာနက်လိုင်းမတက်လို့ တိုင်ပတ်နေလို့ ကူညီကြပါဦး ခင်မျာ"
Monday
Htet Oo Zaw replied to GaaRa's discussionှုYatanarpon ADSL နှင့် Elite Fiber(FTTX) အင်တာနက်လိုင်း နှစ်လိုင်းကို load balancing လုပ်ချင်လို.ပါ
Monday
Htet Oo Zaw updated their profile
Monday
zaw moe tun updated their profile
Sunday
Profile Iconဇော်ထွန်း နေပြည်တော်, zaw lin tun, Lina and 185 more joined MyanmarITPro - A Social Network for Myanmar IT Professionals
Sunday
Phyo Phyo posted a status
"I want to know banking network .How to operate network."
Jul 24
Phyo Phyo updated their profile
Jul 24
kohla and Nay Min are now friends
Jul 23
kyawzinlatt shared manawphyulay's blog post on Facebook
Jul 22
Hteinlinaung liked Aung Myint Tun's blog post အင်တာနက်သုံးရင်း တစ်နေ့ကို $160 ရမည့် Online ငွေရှာနည်း
Jul 20
လွဲနေ replied to Kam's discussion Kerio winrout firewall တင်ရင်Blue screen တက်တယ်. Why? in the group Ask MITP
Jul 19
kglay@it posted a status
Jul 12

© 2014   Created by Ko Chit.

Badges  |  Report an Issue  |  Terms of Service